နေပြည်တော် ဇူလိုင် ၇
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်နေ ဒေါ်ရဟီမာဘီက တစ်မြို့နယ်တည်းနေ မ --- ၊ (၂၀)နှစ်အား ထိုင်းနိုင်ငံရှိ ၎င်း၏ ဈေးဆိုင်တွင် အလုပ်လုပ်ကိုင်နိုင်ကြောင်းနှင့် မလုပ်လိုပါက တစ်ခြား အလုပ်ရှာပေးမည်၊ တစ်လလျှင် ဘတ် ၁၀၀၀၀ ရမည်ဟု ပြောဆိုစည်းရုံး၍ ထိုင်းနိုင်ငံသို့ ပို့ဆောင်ကာ ထိုင်းအမျိုးသားနှင့် အဓမ္မလက်ထပ်ပေါင်းသင်းစေပြီး ငွေကြေးအကျိုးအမြတ်များ ရယူခဲ့သဖြင့် ကျိုက်မရောမြို့မရဲစခန်း(ပ) ၅၇၃/၂၀၂၀၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄ ဖြင့် အမှုရေးဖွင့်၍ မော်လမြိုင်ခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ဇူလိုင် ၅ ရက်တွင် တရားခံ ဒေါ်ရဟီမာဘီအား လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄ အရ အလုပ်နှင့် ထောင်ဒဏ် (၁၀)နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်