လေးမျက်နှာ ဇူလိုင် ၈
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် မဲဇလီကျေးရွာအုပ်စုနှင့် လက်သမား မြန်မာကျေးရွာအုပ်စုတို့မှ ငဝန်မြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုကျ၍ ပြောင်းရွှေ့ရသော အိမ်ထောင်စုများအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက်ပိုင်း၌ ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဟင်္သာတခရိုင် ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမဦးစီးဌာနမှူးရုံးတာဝန်ရှိသူများနှင့် လေးမျက်နှာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့မှ မဲဇလီ ကျေးရွာအုပ်စုနှင့် လက်သမားမြန်မာကျေးရွာအုပ်စုတို့တွင် ဇွန်လ၃၀ရက်နေ့၌ ငဝန်မြစ်ရေ တိုက်စားမှုကြောင့် ကမ်းပြိုကျ၍ ပြောင်းရွှေ့ရသော အိမ်ထောင်စု(၅)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေကျပ် ၅၀၀၀၀၀၊ လူဦးရေ(၁၆)ဦးအတွက် ၇ရက်စာ ဆန်ရိက္ခာဖိုးငွေကျပ် ၃၃၆၀၀ စုစုပေါင်း ထောက်ပံ့ငွေကျပ် ၅၃၃၆၀၀ နှင့် Surgical Mask (၃၂)ခုတို့အား ကမ်းပြိုဘေးသင့်အိမ်ထောင်စုများ လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့သည်။
လေးမျက်နှာမြို့နယ်အတွင်းရှိ ကျေးရွာများမှာ ငဝန်မြစ်ကမ်းဘေးတွင်ရှိသောကြာင့် နှစ်စဉ် သဘာဝဘေးအန္တရာယ်များ ကျရောက်လျက်ရှိပြီး ဟင်္သာတခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာနမှ မြို့နယ်အတွင်းဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးနှင့် သဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်ဆုံးရှုံးများကို ထောက်ပံ့ပေးအပ်လျက်ရှိသည်။
မြို့နယ်(ပြန်/ဆက်)