ကျောက်ကြီး ဇူလိုင် ၉
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီး-နတ်သံကွင်း ကားလမ်းပေါ်ရှိ စစ်ပင်ကွန်ကရစ်တံတားအား ဇွန် ၈ ရက် ညပိုင်းတွင် ကျောက်ကြီးမြို့နယ် လမ်းဦးစီးဌာနက တပ်မတော်စစ်ကြောင်း လုံခြုံရေးဖြင့် သွားရောက်၍ ပြန်ဆင်မှုအဆုံးသတ်နိုင်ခဲ့ကြောင်း သိရသည်။
စစ်ပင်ကွန်ကရစ်တံတားမှာ ဇွန် ၃၀ ရက်တွင် မိုင်းခွဲ ဖျက်ဆီးခံရပြီး ဇူလိုင် ၅ ရက်က ပြင်ဆင်ရန် သွားရောက်စဉ် စနိုက်ပါ/လက်နက်ငယ်များဖြင့် ပစ်ခတ်ခံရခဲ့၍ ပြန်လည်ဆုတ်ခွာခဲ့ရပြီး ယခုအခါမှ ပြင်ဆင်မှု အဆုံးသတ်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ အဆိုပါတံတားသည် ကျောက်ကြီးမြို့နယ်နှင့် အခြားမြို့နယ်များအား ကုန်စည်ကူးသန်းရောင်းဝယ်ရေး၊ ကျန်းမာရေး၊ စီးပွားရေးအတွက် အဓိကဆက်သွယ်ရေး လမ်းကြောင်းပေါ်တွင် တည်ရှိသည့်အတွက် ဒေသခံပြည်သူများ သွားလာရေးအဆင်ပြေစေရန် အမြန်ဆုံး ပြန်လည်ပြင်ဆင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကိုသားကြီး(ကျောက်ကြီး)