ဇူလိုင် ၁၁

 အိန္ဒိယနိုင်ငံတွင် ကိုဗစ်မျိုးကွဲများထပ်မံကူးစက်မှုဖြစ်ပွားသဖြင့် စိုးရိမ်မှုများဖြစ်ပေါ်နေချိန်  ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၆၆၇၈ ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း နိုင်ငံ၏ ကျန်းမာရေးဝန်ကြီးဌာနက ယနေ့ထုတ်ပြန်ကြေညာထားသည်။

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၄၃၆၃၉၃၂၉ ဦး အထိ ရှိလာသည်ဟု သိရသည်။

အဆိုပါရောဂါကူးစက်ခံရမှုကြောင့် ၂၆ ဦး ထပ်မံသေဆုံးခဲ့ပြီးနောက် သေဆုံးသူပေါင်း ၅၂၅၄၅၄ ဦး အထိ ရှိလာသည်။

နိုင်ငံအတွင်း ကိုဗစ်ရောဂါဖြစ်ပွားဆဲလူနာ ၁၃၀၇၁၃ ဦး ရှိသည်။

ကျန်းမာရေးဆိုင်ရာတာဝန်ရှိသူများက အိုမီခရွန်မျိုးကွဲ ဘီအေ-၄ နှင့် ဘီအေ-၅ အမျိုးအစား ကူးစက်မှုများကြောင့် ကိုဗစ်-၁၉ ရောဂါထပ်မံကူးစက်မှုများ မြင့်မားနိုင်သည်ဟု သတိပေးပြောကြားထားသည်။

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို