ကိုလံဘို ဇူလိုင် ၁၂
သီရိလင်္ကာနိုင်ငံ၌ ပါတီအားလုံးပါ အစိုးရအဖွဲ့ ဖွဲ့စည်းရန် သဘောတူညီချက်ရရှိပါက လက်ရှိအစိုးရအဖွဲ့ ဝန်ကြီးများ ရာထူးမှနုတ်ထွက်သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ရုံး၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။
သီရိလင်္ကာနိုင်ငံ မြို့တော်ကိုလံဘိုတွင် ဝန်ကြီးချုပ် ရာနေးလ် ဝစ်ခရမ်မီဆင်ဟဲနှင့် တွေ့ဆုံဆွေးနွေးပွဲ တစ်ခုပြုလုပ်ရာတွင် တက်ရောက်လာသော အစိုးရအဖွဲ့ဝင်များက ပါတီအားလုံးပါ အစိုးရအဖွဲ့ဖွဲ့စည်းရန် သဘောတူညီချက်ရရှိခဲ့မည် ဆိုပါက မိမိတို့၏ တာဝန်များကို အစိုးရသစ်သို့ လွှဲပြောင်းပေးသွား မည်ဖြစ်ကြောင်း ပြောကြားသည်။
သီရိလင်္ကာသမ္မတ ဂိုတာ ဘာယာ ရာဂျာပါ့ခ်ဆာက ဇူလိုင် ၁၃ ရက်တွင် တာဝန်မှအနားယူ တော့မည်ဖြစ်ကြောင်း စနေနေ့က ပြောကြားခဲ့သည်။ စနေနေ့က ဆန္ဒပြသူများသည် သမ္မတအိမ်တော်နှင့် ရုံးတွင် ဆန္ဒပြခဲ့ကြပြီး ဝန်ကြီး ချုပ်အိမ်တော်ကို မီးရှို့ခဲ့ကြသည်။
သီရိလင်္ကာ နိုင်ငံရေး ခေါင်းဆောင်များသည် နိုင်ငံကို ရှေ့ဆက်သွားရန် ပါတီအားလုံး ပါဝင်သည့်အစိုးရတစ်ရပ် ဖွဲ့စည်း ရန် တိုက်တွန်းတောင်းဆိုထားသည်။
ဆင်ဟွာ