မီယာပူခက်စ် ဇူလိုင် ၁၁
ရာသီဥတု ဖောက်ပြန်မှုဒဏ်ကို အခံရဆုံးနိုင်ငံတစ်ခုဟု သတ်မှတ်ခံထားရသည့် ပါကစ္စတန်ရှိ အချို့ဒေသများတွင် အပူချိန်မြင့်မားမှု နှင့် ရေပြတ်လပ်မှုများကြောင့် သရက်သီးထုတ်လုပ်မှု ၄၀ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ကြောင်း ပါကစ္စတန်သရက်သီးစိုက် တောင်သူများက ပြောသည်။
သို့သော်လည်း ယခုနှစ် မတ်လတွင် ပုံမှန်လများထက် အပူချိန် သိသိသာသာ မြင့်တက်လာပြီး အပူလှိုင်းကြောင့် စိုက်ခင်းများပျက်စီးကာ လယ်သမားများ မှီခိုနေရသည့် တူးမြောင်းများတွင် ရေများလျော့နည်းသွားခဲ့သည်။
ပုံမှန်အားဖြင့် သရက်သီးတင်ယာဉ် ၂၄ စီးတိုက်စာလောက်ရပြီး ယခုနှစ်တွင် ၁၂ စီးစာသာရတော့သည်ဟု ဖာဇဲအီလာဟီက ပြောသည်။
ပါကစ္စတန်နိုင်ငံသည် ကမ္ဘာ့သရက်သီးတင်ပို့မှု၏ ထိပ်တန်းနိုင်ငံတစ်ခုဖြစ်ပြီး နိုင်ငံတောင်ပိုင်း ဒေသများဖြစ်သည့် ပန်ဂျပ်နှင့် ဆင်းပြည်နယ်တို့မှ နှစ်စဉ်သရက် သီးတန်ချိန် နှစ်သန်းခန့် ထွက်ရှိသည်။
ယခုအချိန်အထိ အားလုံးကို မခူးဆွတ်ရသေးသော်လည်း ယခုနှစ်အတွက် သရက်သီးအထွက် နှုန်း ၂၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်း လျော့ကျလျက်ရှိကြောင်း ဆင်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ အဆင့်မြင့်အရာရှိဖြစ်သူ ဂေါ်ရမ် ဘလော့က ဆိုသည်။ ပါကစ္စတန်သည် ကမ္ဘာပေါ်တွင် ရေနှင့် ပတ်သက်၍ ထိခိုက်ခံစားရမှု အများဆုံးနိုင်ငံများထဲမှ နိုင်ငံတစ် နိုင်ငံဖြစ်သည်။
မကြာသေးမီနှစ်များအတွင်း ရေကြီးမှု၊ မိုးခေါင်မှုနှင့် ဆိုင်ကလုန်းမုန်တိုင်းများကြောင့် လူထောင် ပေါင်းများစွာ သေဆုံးပြီး အိုးမဲ့ အိမ်မဲ့ဖြစ်ကာ အသက်မွေး ဝမ်းကျောင်း လုပ်ငန်းများနှင့် အခြေခံ အဆောက်အအုံများစွာ ထိခိုက်ပျက်စီးခဲ့သည်။
ဆင်ဟွာ