တွံတေး   ဇူလိုင်  ၁၂

 

ရှေးဟောင်းသမိုင်းဝင် ဆံတော်ခြောက်ဆူ ကိန်းဝပ်တော်မူသော ဆံကေသဓာတု ရွှေဆံတော် စေတော်မြတ်ကြီးတွင် ၁၃၈၄ ခုနှစ်၊ ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့)အဖြစ် ရပ်ဝေးရပ်နီးမှ ဘုရားဖူးလာ ပြည်သူများ၊ ဝါဆိုကာလအစ ဝါဆိုလပြည့်နေ့တွင် ဥပုသ်သီလ စောင့်တည်သူများ၊ ကုသိုလ်ကောင်းမှု ပြုသူများဖြင့် ဇူလိုင် ၁၂ ရက် နံနက်ပိုင်းက စည်ကားလျက်ရှိကြောင်း သိရှိရသည်။

 

ထို့အပြင် ရွှေဆံတော်စေတီ မြောက်ဘက်စောင်းတန်းဘေးရှိ ဒေါ်ပု ချစ်တီးတန်းဆောင်း၌ ဌာနဆိုင်ရာဝတ်အသင်းများနှင့် ရပ်ကွက်ဝတ်အသင်းများက ဓမ္မစကြာဒေသနာတော်ကို ရွတ်ဖတ်ပူဇော်လျက်ရှိပြီး ဝါဆိုလပြည့်မှစ၍ သီတင်းကျွတ်လပြည့်အထိ ၈ ရက်ဥပုသ်လပြည့်၊ လကွယ်နေ့များတွင် ဘုရားဖူးပြည်သူများအား ဩဝါဒါစရိယဆရာတော်ကြီးများထံမှ သီလခံယူ ဆောက်တည်နိုင်ရန် သီလခံယူပွဲများ စီစဉ်ထားကြောင်း ရွှေဆံတော်စေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ဥက္ကဋ္ဌထံမှ သိရှိရသည်။

မျိုးလှိုင်(တွံတေး)