ပင်းတယ      ဇူလိုင်       ၁၂

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ရှိ ရွှေဥမင်သဘာဝ လိုဏ်ဂူတော်ဘုရားကြီးနှင့် ဘုန်းတော်ကြီးကျောင်းများ၌ ဘုရားသွား၊ ကျောင်းတက်၊ ဥပုသ်သီလ ဆောက်တည်သူများ၊ ဘုရားဖူးများဖြင့် အထူးစည်ကားများပြားလျက် ရှိသည်။

 

ပင်းတယမြို့သည် ပင်လယ်ရေမျက်နာပြင် အမြင့်ပေ ၃၈၈၀ တွင် တည်ရှိပြီး အေးချမ်းသာယာ၍ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့ အထွဋ်အမြတ်ထားရာ ရှေးဟောင်းစေတီပုထိုးပေါများသော တောင်ပေါ်မြို့လေးဖြစ်သည်။ လိုဏ်ဂူတော်အတွင်း ဘုရားစေတီ အဆူပေါင်း ၈၀၉၄ ဆူ ရှိသည့် ရှေးဟောင်းသမိုင်းဝင် သဘာဝရွှေဥမင်လိုဏ်ဂူတော်နှင့် ဘုန်းတော်ကြီးကျောင်းများတွင် နံနက်အာရုံ ဆွမ်းကပ်ခြင်း၊ ဆန်၊ ဆီ၊ ဆား၊ ဆေး၊ လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းခြင်း၊ ဝါဆိုသင်္ကန်း ကပ်လှူခြင်းနှင့် ရွှေသင်္ကန်း ကပ်လှူပူဇော်သူများဖြင့် ရပ်နီးရပ်ဝေး ဘုရားဖူးဧည့်သည်များ အထူး စည်ကားလျက်ရှိကြောင်းနှင့် ဘုရားဖူး ဧည့်သည်များအနေဖြင့် ရွှေဥမင်သဘာဝလိုဏ်ဂူတော်ကြီးအား နေ့စဉ် နံနက် ၆ နာရီမှ ညနေ ၆ နာရီအတွင်း လာရောက်ဖူးမြော်နိုင်ကြောင်း သိရှိရသည်။

အေးအေးလတ်(ပြန်/ဆက်)