မိုင်းရယ် ဇူလိုင် ၁၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်၌ ယခုနှစ် မိုးရာသီတွင် ဆည်ရေသောက်၊ မိုးကောင်းသောက်၊ ဒေသအလိုက် သဘာဝချောင်းများတွင် ဒေသကျောက်ဖြည့် မျှောရိုက်ဆည် စနစ်များဖြင့် မိုးစပါးနှင့် အခြားသီးနှံ ၅၃၁၈၆ ဧကကို စိုက်ပျိုးထုတ်လုပ်ရန် လျာထားဆောင်ရွက် ထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မိုးရာသီ သီးနှံအမျိုးအစားအလိုက် စိုက်ပျိုးမည့် ဧကများမှာ မိုးစပါး(လယ်စပါး) ၁၂၄၂၆ ဧက၊ ယာစပါး၊ တောင်ယာစပါးနှင့် ယာသီးနှံ ၆၁၇၂ ဧက ဖြစ်ပြီး ဇွန် ၃၀ ရက်အထိ မိုးစပါး ၅၆၈၉ ဧက စိုက်ပျိုးပြီးစီးပြီး ြစ်သည်။ မိုင်းရယ်မြို့နယ်တွင် မိုးစပါးပြီးလျှင် ဒုတိယအများဆုံး စိုက်ပျိုးသည့်သီးနှံမှာ အစေ့ထုတ်ပြောင်း ဖြစ်ပြီး ယခုနှစ်တွင် အစေ့ထုတ်ပြောင်းကို ဧက ၁၇၅၄၀၊ ဖူးစားပြောင်း ဧက ၄၅၀ စိုက်ပျိုးထုတ်လုပ်ရန်လျာထားပြီး ပြောင်း ဧက ၁၇၁၀၀ ကို စိုက်ပျိုးပြီးဖြစ်ကြောင်း သိရသည်။ တတိယအများဆုံးစိုက်ပျိုးသည့် ကြံကို ၄၈၂၅ ဧက စိုက်ပျိုးထုတ်လုပ်ရန်လျာထားပြီး ၇၀၂၅ ဧက တိုး၍ စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။ အခြားသီးနှံ ၁၁၇၇၃ ဧကကိုလည်း စိုက်ပျိုးထုတ်လုပ်နိုင်ရန်အတွက် လျာထားဆောင်ရွက် လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မိုင်းရယ်(ပြန်/ဆက်)