ပန်းတနော်       ဇူလိုင်        ၁၂

 

ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်တွင်  ဧရာဝတီမြစ်ရေ မြင့်တက်လာပြီး မြစ်ကမ်းပါး ပြိုကျမှုကြောင့် ဇူလိုင် ၁၂ ရက် နံနက်ပိုင်းက အထက်ကဇင်းတောကျေးရွာရှိ အိမ်ခုနစ်လုံးကို ကြိုတင်ပြောင်းရွေ့ပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ ပြောင်းရွှေ့ပေးရာတွင် အထက်ကဇင်းတောကျေးရွာရှိ အိမ်ခုနစ်လုံးမှ အိမ်ထောင်စု ခုနစ်စု လူဦးရေ ၄၁ ဦးတို့အား ကမ်းလွတ်ရာဖြစ်သော နီးစပ်သည့် ဆွေမျိုးများနေအိမ်သို့ ယာယီပြောင်းရွေ့ ပေးခဲ့ပြီး ကမ်းလွတ်သည့် မြေကွက်ပေါ်၌ အိမ်များ ပြန်လည်ဆောက်လုပ်နိုင်ရန် ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာနေ ပြည်သူများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ပြည့်ဖြိုးကျော်(ပြန်/ ဆက်)