ပုသိမ်        ဇူလိုင်      ၁၂


ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ပုသိမ်မြို့ပေါ်ရှိ ကျောင်းတိုက် ၂၀၀ နှင့် သီလရှင် စာသင်တိုက် တစ်တိုက်အား ဧကာဒသမအကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်နှင့် ဆီ ဆက်ကပ်လှူဒါန်းပွဲကို ဇူလိုင် ၁၂ ရက် နံနက်ပိုင်းက သာသနာ့ ဗိမာန်တော်ကြီး၌ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး ဒေါ်ကြည်ကြည် ထွန်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြပြီး ဆရာတော် သံဃာတော်အရှင်သူမြတ်များထံမှ ကိုးပါး သီလ ခံယူဆောက်တည်ကြကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။

တိုင်းဒေသကြီး(ပြန်/ဆက်)