မော်လမြိုင် ဇူလိုင် ၁၂
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ သမိုင်းဝင် စေတီပုထိုးများတွင် ဇူလိုင် ၁၂ ရက် ဝါဆိုလပြည့် (ဓမ္မစင်္ကြာအခါတော်နေ့)၌ အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးလာ ပြည်သူများဖြင့် စည်ကားလျက် ရှိကြောင်း သိရသည်။
ဘုရားဖူးလာပြည်သူများသည် ကျိုက်သလ္လံစေတီတော်၊ မဟာမြတ်မုနိဘုရား၊ ဦးခန္တီ၊ ဦးဇီနဘုရားများ၌ စေတီတော်ရင်ပြင် ဂြိုဟ်တိုင်များရှိ ဗုဒ္ဓရုပ်ပွားတော်များအား ရေသပ္ပါယ်ခြင်း၊ ပန်း၊ ဆီမီး အမွှေးနံ့သာများ ကပ်လှူပူဇော်ကြပြီး ဘုန်းတော်ကြီးကျောင်းများတွင်လည်း ဝါဆိုသင်္ကန်း ဆက်ကပ်ခြင်း၊ သီလစောင့်တည်ခြင်း၊ တရားဘာဝနာ ပွားများခြင်း၊ သီလပေး တရားနာယူခြင်း၊ စတုဒိသာ ကျွေးမွေးခြင်းများဖြင့် စည်ကားလျက်ရှိသည်။
ခင်စန်းမြင့်(ပြန်/ဆက်)