မလှိုင် ဇူလှိုင် ၁၃
သမဝါယမနှင့် ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာန၊ မန္တ လေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၀-၂၀၂၁ခုဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော သဘွတ်ကုန်းကျေးရွာနှင့် ဆည်ကြီးကျေးရွာတို့တွင် ရေပေးရေး လုပ်ငန်းများဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာ မလှိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဒေါ်စုစု၊မြို့နယ်စာရင်းစစ်အဖွဲ့ နှင့် တာဝန်ရှိသူများသည် သဘွတ်ကုန်းကျေးရွာတွင် ခွင့်ပြု ရန်ပုံငွေ ကျပ် (၃၀.၀၈)သန်းဖြင့် ၄ လက်မ စက်ရေတွင်း တူးဖော်ခြင်း၊ဂါလန် (၂၄၀၀) ဆံ့ စင်မြင့်ရေစင်တည် ဆောက်ခြင်း၊ရေစက်ရုံ၊ ရေပိုက်လိုင်းသွယ်တန်းခြင်း နှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှူ့စစ်ဆေးခဲ့သည်။
ဆက်လက်၍ မြို့နယ်ဦးစီးမှူးများသည် တာဝန်ရှိသူများသည် ဆည်ကြီးကျေးရွာတွင် ခွင့်ပြုရန်ပုံငွေ ကျပ် (၁၁.၂၆)သန်းဖြင့် ၄လက်မ စက်ရေတွင်းတူးဖော်ခြင်း ၊ ဂါလန် (၂၀၀၀)ဆံ့ အုတ်ရေကန်၊ရေစက်ရုံတည်ဆောက်ခြင်း၊ ရေပိုက်လိုင်းသွယ်တန်းခြင်းနှင့် ဆက်စပ်လုပ်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှူး အခြေအနေများ ကြည့်ရှူ့စစ်ဆေးပြီး ကျေးရွာရေပေးရေး ကော်မတီဝင်များနှင့် တွေ့ဆုံကာ လိုအပ်သည် များကို ပေါင်းစပ်ညှိနှိုင်း ဆောက်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကျေးရွာ(၂)ရွာ၌ ကျေးလက်ရေရှိရေးနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့မှုကြောင့် စုစုပေါင်း အကျိုးပြုအိမ်ခြေ ၁၅၇၊လူဦးရေ ၈၇၂ ဦးတို့အတွက် သန့်ရှင်းသော သောက်ရေ၊ သုံးရေများ ဖူလုံစွာရရှိခဲ့ကြောင်း မလှိုင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်စုစုထံမှ သိရသည်။
မောင်ခိုင်