သရက်ချောင်း  ဇူလိုင်  ၁၃

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ''ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာ ပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံကြပါစို့'' ဆိုသည့် ဆောင်ပုဒ်အတိုင်း နိုင်ငံတော်မှ အသက်(၅)နှစ်မှ (၁၈)နှစ်အထိ အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူများအား (ဒုတိယ)အကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၉နာရီက သရက် ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm ကိုထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထိုသို့ထိုးနှံရာတွင် (ပထမအကြိမ်) ကိုဗစ်–၁၉ရောဂါကာကွယ်ဆေးလုံးဝမထိုးနှံရသေးသော ကျောင်းသား ကျောင်းသူများနှင့် (ဒုတိယအကြိမ်) ကိုဗစ်–၁၉ရောဂါကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိသော ကျောင်းသား/သူများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးမထိုးနှံမီ ကာကွယ်ဆေး လာရောက်ထိုးနှံကြသည့် ကျောင်းသား/ကျောင်းသူများကို စာရင်းရေးသွင်းပြီး မိဘအုပ်ထိန်းသူများ၏ သဘောဆန္ဒကိုရယူကာ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ကျောင်းသား/ကျောင်းသူများအားထိုးနှံပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ အသက်(၁၈)နှစ်အထက်ပြည်သူများအား (ပထမအကြိမ်) ကိုဗစ်–၁၉ရောဂါကာကွယ်ဆေး လုံးဝမထိုးနှံရသေးသော ပြည်သူများ၊ (ဒုတိယအကြိမ်) ကိုဗစ်–၁၉ရောဂါကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသူများ၊ (ဒုတိယအကြိမ်) ကိုဗစ်–၁၉ရောဂါကာကွယ်ဆေးထိုးနှံပြီး  (၆)လပြည့်ပြီးသူများအား Booster Dose ကိုဆက်လက်ထိုးနှံပေးပြီး ကိုယ်ဝန်ဆောင်မိခင်များအား ကိုဗစ်-၁၉‌ ရောဂါကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉‌ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို  သရက်ချောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမိုးထွေးဦး၏ ကြီးကြပ်ဆောင်ရွက်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများနှင့် တာဝန်ရှိသူများက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သားကြီး(သရက်ချောင်း)