နေပြည်တော်၊ ဇူလိုင် ၁၃

 

ပြည်သူများ အပန်းပြေစေရန်၊ ပျော်ရွှင်စေရန်နှင့် စိတ်ခွန်အားသစ်များ ရရှိနိုင်ရန်အတွက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဖျော်ဖြေရေးအစီအစဉ်များကို တိုးမြှင့်တင်ဆက်လျက်ရှိရာ  Friday Night Show ဆန်းသစ်တင်ဆက်မှုအဖြစ် နိုင်ငံကျော်အဆိုတော်ကြီး မြန်မာပြည်သိန်းတန်၏ “သီချင်းဒိုင်ယာရီ-၂” တေးဂီတ ဖျော်ဖြေပွဲကို  ဇူလိုင် ၁၅ ရက် ၊  သောကြာနေ့ ည(၈)နာရီ သတင်းအပြီးတွင်  မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ MRTV-HD Channel မှ  ထုတ်လွှင့်ပြသမည်ဖြစ်သည်။

 

ယင်းအစီအစဉ်တွင် မြန်မာပြည်သိန်းတန်နှင့်အတူ မျိုးဆက်သစ်တေးသံရှင်များ ဖြစ်ကြသည့် စောဒယ်နီရယ်၊ ရေဂျီနာ၊ ချိုမီမီဇော် နှင့် အိအိလှိုင် တို့က သီဆိုဖျော်ဖြေကြမည် ဖြစ်ပြီး မြန်မာ့အသံတေးဂီတအဖွဲ့၏ တီးခတ်မှုနှင့်အတူ သရုပ်ဆောင်နေဒွေးနှင့် သဥ္ဇာမြင့်မိုရ်တို့ကလည်း အားဖြည့်တင်ဆက်ပေးကြမည် ဖြစ်သည်။

 

ထိုသို့တင်ဆက်မှုကို ဇူလိုင် ၁၇ ရက်၊ တနင်္ဂနွေနေ့ နံနက်၁၀နာရီခွဲတွင် ဒုတိယအကြိမ် ထပ်မံထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)