ရန်ကုန် ဇူလိုင် ၁၄

ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ဆေးတက္ကသိုလ်(၁)၊ ရန်ကုန်တွင် ဘွဲ့ကြို/ဘွဲ့လွန်သင်တန်းများကို ဖွင့်လှစ်သင်ကြား ပေးလျက်ရှိသည်။

 သို့ပါ၍ ဘွဲ့ကြို (M.B;B.S) နောက်ဆုံးနှစ် အပိုင်း(ခ) စာမေးပွဲ အောင်မြင်ခဲ့ကြသူ များသည် ၂၀၂၂၊ ဇူလိုင် (၁၈)ရက်မှစတင်၍ ဆေးတက္ကသိုလ်(၁)၊ ရန်ကုန်၏ သင်ကြားရေး ဆေးရုံကြီးများတွင် အလုပ်သင်ဆရာဝန်အဖြစ် လေ့ကျင့်တာဝန်ထမ်းဆောင်ကြရမည် ဖြစ်ရာ လူနာများနှင့် တိုက်ရိုက်မထိတွေ့မီ ပုံတူပြုလေ့ကျင့် သင်ကြားခြင်းစနစ်ဖြင့် စုပေါင်းသင်ကြားခြင်း (Common Module) သင်တန်းကို ဇူလိုင် (၁၃) ရက်နှင့် (၁၄) ရက်များတွင် ဆေးတက္ကသိုလ်(၁)၊ ရန်ကုန်ရှိ ဆေးပညာကျွမ်းကျင်မှု ပုံတူပြုလေ့ကျင့်ရေး ကို သုတေသနဌာန၌ ပြုလုပ်ခဲ့ပြီး အလုပ်သင်ဆရာဝန်စုစုပေါင်း (၁၂၆)ဦး တက်ရောက်ခဲ့ ကြကြောင်း သိရှိရသည်၊၊ 

(သတင်းစဉ်)