ပန်းတနော်      ဇူလိုင်     ၁၅

 

ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်လာပြီး မြစ်ကမ်းပါး ပြိုကျမှုကြောင့် ဇူလိုင် ၁၄ ရက် ညနေပိုင်းက မြစ်ကမ်းနှင့်နီးသော ထိန်ကုလားကုန်းကျေးရွာအုပ်စု၊ သောင်ဂုတ်ကျေးရွာရှိ အိမ်သုံးလုံးမှာ ကြိုတင်ပြောင်းရွှေ့ခဲ့ရသည်။

 

ထိုကဲ့သို့ ပြောင်းရွှေ့ရာတွင် အိမ်သုံးလုံး၊ အိမ်ထောင်စုသုံးစု၊ လူဦးရေ ၁၈ ဦးတို့သည် ကမ်းလွတ်ရာ ဖြစ်သော နီးစပ်သည့်ဆွေမျိုးများ၏ နေအိမ်များသို့ ယာယီပြောင်းရွှေ့ခြင်းဖြစ်ပြီး ကမ်းလွတ်သည့် မြေကွက်ပေါ်သို့ ကြိုတင်ပြောင်းရွှေ့ကာ နေအိမ်များ ပြန်လည်ဆောက်လုပ်ရန် ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာနေပြည်သူများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ပြည့်ဖြိုးကျော်(ပြန်/ ဆက်)