နတ်မောက် ဇူလိုင် ၁၆
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်တွင် ဌာနဆိုင်ရာများ စုပေါင်း၍ ယနေ့ နံနက် ၇ နာရီက စုပေါင်းသန့်ရှင်းရေးများ ပြုလုပ်ခဲ့ကြသည်။
ထိုသို့ပြုလုပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့ အမှုဆောင်အရာရှိ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဦးစီးမှူးတို့ ဦးဆောင်၍ ဌာနဆိုင်ရာဝန်ထမ်းများက ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်အတွင်းအပြင်ရှိ အမှိုက်လှည်းခြင်း၊ ပေါင်းမြက်ရှင်းခြင်း၊ သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် မြို့နယ်စည်ပင်သာယာရေး ဝန်ထမ်းများက ပန်းအလှပင်များအား ပုံဖော်၍ ပြုပြင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
လှဝင်း(ပြန်/ဆက်)