သန်လျင်    ဇူလိုင်   ၁၆   

 

သန်လျင်မြို့နယ် ကျေးလက်ဒေသ ဖွံဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးခြင်းကို ဇူလိုင် ၁၅ ရက်က သန်လျင်ခရိုင် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်အေးအေးကြူနှင့် တာဝန်ရှိသူများက စစ်ဆေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ဆုပြည့် ရတနာကုမ္ပဏီမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် သန်လျင်မြို့နယ် မင်္ဂလွန်းကျေးရွာ ကုန်ထုတ်မြေသားဂဝံလမ်းပေါ်ရှိ Box CuLvert တည်ဆောက်ခြင်းလုပ်ငန်းနှင့် ရှိန်းမင်းထက်အောင်ကုမ္ပဏီမှ ဆောင်ရွက်လျက်ရှိသည့် ရွာသစ်ကျေးရွာ ရေကန်ခြံစည်းရိုး ကာရံခြင်းလုပ်ငန်းများအား ကြည့်ရှု့စစ်ဆေးပြီး သတ်မှတ်အချိန်မီပြီးစီးရေး၊ လုပ်ငန်း အရည်အသွေး စံချိန်စံညွှန်းပြည့်မီရေးတို့အတွက် အလေးထားဆောင်ရွက်ရန် ဆွေးနွေးမှာကြား ခဲ့သည်။

သန်းဝင်း(သန်လျင်)