ကျွန်းစု ဇူလိုင် ၁၆

 

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့သန့်ရှင်းသာယာလှပစေရေးအတွက် ယနေ့ နံနက်ပိုင်းက အမှတ်(၂)ရပ်ကွက်ရှိ ဘုရင့်နောင်လမ်း၊ လမ်းဘေးဝဲယာ၌ ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်၍ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ် စည်ပင်သာယာ‌ရေးအဖွဲ့ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျွန်းစုမြို့၊ တနင်္သာရီ ရေတပ်စခန်းဌာနချုပ်မှ တပ်မတော်သားများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ စုပေါင်း၍ မြို့သန့်ရှင်း သာယာလှပစေရေးအတွက်  ပေါင်းမြက်များ၊ အမှိုက်များရှင်းလင်းခြင်း၊ ခြုံနွယ်များ ခုတ်ထွင်ခြင်းတို့ကို စုပေါင်းရှင်းလင်းခဲ့ကြပြီး အမှိုက်များအား စနစ်တကျ စွန့်ပစ်ခဲ့ကြကြောင်း သိရသည်။

စည်သူရအောင်(ကျွန်းစု)