ပုဏ္ဏားကျွန်း ၊ ဇူလိုင် ၁၆
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျောင်းပတ်ဝန်းကျင်များ သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၇ နာရီက ပုဏ္ဏားကျွန်းမြို့ မူ/လွန်(စံပြ-၁) ကျောင်း၌ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှရွှေ ဦးဆောင်၍ မြို့နယ်ရဲတပ် ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ဆရာ၊ ဆရာမ စုစုပေါင်း အင်အား(၁၅၀)ဦးခန့်က သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အဘိတ်ဆေးခတ်ပေးခြင်း၊ ခြုံနွယ်မြက်ပင်များအား ခုတ်ထွင် ရှင်းလင်း ခြင်း၊ ပလပ်စတစ်အိတ်ခွံများနှင့် အမှိုက်သရိုက်များအား တက်ညီလက်ညီဖြင့် စုပေါင်းရှင်းလင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နီထွန်းအောင်(ပြန်/ဆက်)