ကျိုက်ဒုံ ဇူလိုင် ၁၈
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့တွင် မြို့ပြအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေး၊ အများပြည်သူများနှင့် ယာဉ်များ ဖြတ်သန်းသွားလာရာတွင် အဆင်ပြေစေရေး၊ မိုးရာသီကာလ၌ ရေစီးရေလာ ကောင်းမွန်စေရေအတွက် ကျိုက်ဒုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ် ပြည်နယ်ခွင့်ပြုရန်ပုံငွေ(၆.၃၅၀)ကျပ်သန်းဖြင့် ကျိုက်ဒုံမြို့အမှတ်(၄)ရပ်ကွက်၊ ဘုရင့်နောင်လမ်းမကြီး၊ လမ်းဆုံနေရာ၌ (Box Culvert) တံတား(၁)စင်း ဆောက်လုပ်ခြင်း လုပ်ငန်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အမှတ်(၄)ရပ်ကွက်၊ ဘုရင့်နောင်လမ်းမကြီး၊ လမ်းဆုံနေရာ၌ (Box Culvert)တံတား(၁)စင်းမှာ အလျား(၂၅)ပေ၊ အနံ(၄)ပေ၊ အမြင့်(၃)ပေဖြစ်ပြီး ကျိုက်ဒုံမြို့စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ခံအငယ်တန်း အင်ဂျင်နီယာ-(၂) ဦးဟန်ဝင်းချိုက ကြီးကြပ်ဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီးဖြစ်ကြောင်း သိရသည်။
သန်းထွန်းနိုင်(ကျိုက်ဒုံ)ပြန်/ဆက်