ဆိပ်ဖြူ ဇူလိုင် ၁၉

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ဆိပ်ဖြူမြို့နယ် ရေပုတ်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ပဉ္စမအကြိမ်ချေးငွေများကို ဇူလိုင် ၁၈ ရက် နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

မြို့နယ်ဦးစီးမှူး ဦးရဲမင်းအောင်၊ စီမံကိန်းတာဝန်ခံ ဝန်ထမ်းများနှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းအဖွဲ့ဝင်များက ရေပုတ်ကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၄၂ ဦးကို ငွေကျပ်  ၂၅၉ သိန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၁၃ ဦးကို ငွေကျပ် ၇၁ သိန်း၊ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ လေးဦးကို ငွေကျပ်  ၁၈ သိန်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်း လုပ်ကိုင်သူ သုံးဦးကို ငွေကျပ် ၂၂ သိန်း စုစုပေါင်း ငွေချေးယူသူ အသင်းသား၊ အသင်းသူ ၆၂ ဦးကို အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ကျပ်သိန်း ၃၇၀ ထိ ထုတ်ချေးပေးခဲ့သည်။

မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ခြင်းကြောင့် တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အရောင်းအဝယ်လုပ်ငန်းအပြင် အခြားအသက်မွေးဝမ်းကျောင်း လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် ကျေးလက်နေပြည်သူများ ဆင်းရဲမှုလျှော့ချရေးနှင့် မိသားစုဝင်ငွေ တိုးပွားရေးလုပ်ငန်းများ ဆောင်ရွက်လာနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း သိရသည်။

နွဲ့ယဉ်