မော်လမြိုင်        ဇူလိုင်         ၂၀

 

မော်လမြိုင်မြို့၌ မွန်ပြည်နယ် ဝန်ကြီးချုပ်ဖလား ၁၀ မြို့နယ် အသက် ၁၈ နှစ်အောက် အမျိုးသား အမျိုးသမီး စစ်တုရင်ပြိုင်ပွဲ ဖွင့်ပွဲကို ဇူလိုင် ၂၀ ရက် နံနက်ပိုင်းက ပြည်နယ်အားကစားခန်းမ၌ ကျင်းပ ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

 

အခမ်းအနားတွင် မွန်ပြည်နယ် ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး အဖွင့်ရွှေ့ကွက်ရွှေ့ကာ စစ်တုရင်ပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။ အဆိုပါ စစ်တုရင်ပြိုင်ပွဲကို ဇူလိုင် ၂၀ ရက်မှ ၂၂ ရက်အထိ ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ကြောင်း သိရသည်။

 

ခင်စန်းမြင့်(ပြန်/ဆက်)