နေပြည်တော်၊ ဇူလိုင် ၂၀

 

 သုတဝေဖြာသီရိဂေဟာ မိသားစုပြိုင်ပွဲ အသိပညာပေးအစီအစဉ် (Family Quiz) ပွဲစဉ်(၇၅) ကို ဇူလိုင်၂၂  ရက်တွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ MRTV–HD Channel မှ ဆက်လက် ထုတ်လွှင့်မည်ဖြစ်သည်။

              

အဆိုပါ ကိုဗစ်- ၁၉ ဆိုင်ရာ အသိပညာမျှဝေမှုအစီအစဉ်ကို အစီအစဉ်တင်ဆက်သူ ‌‌ထူးပြည့်အောင် နှင့် ပွင့်နဒီမောင်တို့က တင်ဆက်ကြမည်ဖြစ်ပြီး  လူရွှင်တော်အသင်းမှ မိသားစုများ ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်ရာ ယင်းပြိုင်ပွဲများကို ဇူလိုင် ၂၂ ၊ ၂၃ နှင့် ၂၄ ရက်တို့တွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ MRTV-HD မှ ညနေ ၆ နာရီ သတင်းအပြီးတွင် ထုတ်လွှင့်ပြသသွားမည် ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)