နေပြည်တော်        ဇူလိုင်        ၂၁

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၂၀၂၂ ခုနှစ် မိုးရာသီ ဌာနပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို ဇူလိုင် ၂၀ ရက်က စိုက်ပျိုးရေး သုတေသနဦးစီးဌာန ဘောလုံးအားကစားကွင်း၌ ကျင်းပခဲ့သည်။

 

အခမ်းအနားတွင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက အားကစားပြိုင်ပွဲများ ကျင်းပပေးရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ၂၀၂၂ ခုနှစ် မိုးရာသီ ဌာနပေါင်းစုံ ဘောလုံးပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။ ထို့နောက် ဒုတိယဝန်ကြီးသည် စိုက်ပျိုးရေးဦးစီးဌာနနှင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ကိုယ်စားပြု ဘောလုံးအသင်းများ၏ ယှဉ်ပြိုင်ကစားမှုများနှင့် စိုက်ပျိုးရေးတက္ကသိုလ် ဘောလုံးကွင်း၌ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနနှင့် စိုက်ပျိုးရေးတက္ကသိုလ် ကိုယ်စားပြု ဘောလုံးအသင်းတို့၏ ယှဉ်ပြိုင်မှုများကို ကြည့်ရှုအားပေးသည်။

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် ဘောလုံးအားကစားအပါအဝင် ဖူဆယ် ဘောလုံး၊ ကြက်တောင်ရိုက်၊ ဘောလီဘော၊ စားပွဲတင်တင်းနစ်၊ ရေကူး၊ ပိုက်ကျော်ခြင်း အစရှိသည့် အားကစားပွဲများကို ကျင်းပပေးလျက်ရှိကြောင်း၊ အဆိုပါ အားကစားပွဲများတွင် ထူးချွန်သူများကို ဝန်ကြီးဌာနကိုယ်စားပြု ပြိုင်ပွဲများမှတစ်ဆင့် လက်ရွေးစင်သမားများအဖြစ် ဆက်လက်ကြိုးစားနိုင်ရန် ပြုစုပျိုးထောင် အားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်