မြိတ်       ဇူလိုင်       ၂၁

 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်ရှိ အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ -၆၆/) များကို Software Program ရေးသွင်းခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၂၁ ရက် နံနက်ပိုင်းက မြိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧည့်ရိပ်သာ အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို တက်ရောက်ခဲ့သည်။

 

အစည်းအဝေးတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြိတ်ခရိုင်ဦးစီးမှူး၊ မြိတ်ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို တင်ပြကြကာ လူမှုရေးဝန်ကြီး ဦးယဉ်ထွေးက ဖြည့်စွက် ရှင်းလင်းတင်ပြသည်။ တင်ပြချက်များနှင့်စပ်လျဉ်း၍ ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။ ဆက်လက်၍ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မြိတ်မြို့နယ်နှင့် ကျွန်းစုမြို့နယ်ရှိ အိမ်ထောင်စုစာရင်း  (ပုံစံ-၆၆/) အချက်အလက်များကို မြိတ်တက္ကသိုလ်တွင် software program ဖြင့် Data base သို့ တိုက်ရိုက် စာရင်းရေးသွင်းခြင်းလုပ်ငန်း  ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုကြပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 

မြိတ်ခရိုင်ရှိ မြိတ်၊ ကျွန်းစု၊ ပုလော၊ တနင်္သာရီမြို့နယ်များမှ အိမ်ထောင်စုစာရင်း စုစုပေါင်း ဒသမ ၂ သိန်းကျော်၏  အိမ်ထောင်စု လူဦးရေစာရင်းများကို နှစ်လအတွင်း ပြီးစီးအောင် ရေးသွင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြိတ်မြို့နယ်နှင့် ကျွန်းစုမြို့နယ်၏ အိမ်ထောင်စုစာရင်းများကို မြိတ်တက္ကသိုလ်၌ ရေးသွင်းဆောင်ရွက်လျက်ရှိပြီး ပုလောမြို့နယ်နှင့် တနင်္သာရီမြို့နယ်ရှိ အိမ်ထောင်စုစာရင်းများကို သက်ဆိုင်ရာ မြို့နယ်များ၌ ရေးသွင်းဆောင်ရွက်လျက်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြိတ်ခရိုင်ဦးစီးမှူးရုံးမှ သိရသည်။

 

ခိုင်ထူး(ပြန်/ဆက်)