နေပြည်တော်၊    ဇူလိုင် -၂၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၂)ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။  

အစည်းအဝေးတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင် က မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ဥပဒေ၊ နည်းဥပဒေများအရ စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေး လုပ်ငန်း၊ ဓာတ်သတ္တုထုတ်လုပ်ခြင်းလုပ်ငန်းနှင့် အစိုးရ ကခွင့်ပြုသော ဥပဒေနှင့်ညီညွတ်သည့် အခြားလုပ်ငန်းများ လျှောက်ထားလာပါက သက်ဆိုင် ရာဌာနအဖွဲ့အစည်းများ၏ စိစစ်ထောက်ခံချက်များနှင့်အညီ ပြည်ထောင်စုနယ်မြေ၊ နေပြည် တော် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီကမြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုကော်မတီသို့ စိစစ်ထောက်ခံတင်ပြပေးလျှက်ရှိကြောင်း။
စိုက်ပျိုးရေးလုပ်ငန်းများတွင် ဧက(၃၀၀)အောက်နှင့် ကျေးလက်ဒေသ တောင်သူ လယ်သမားများနှင့် မိသားစုတစ်ပိုင်တစ်နိုင်စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်လို သူများအတွက် ဧက(၅၀)အောက် လျှောက်ထားလာပါက ပြည်ထောင်စုနယ်မြေ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ အနေဖြင့်စိစစ်၍ ခွင့်ပြုဆောင်ရွက်ပေး လျှက်ရှိကြောင်း၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို စနစ်တကျ စီမံခန့်ခွဲပြီး အမှန်တကယ် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများအတွက် အသုံးချနိုင်ရေးနှင့် အမှန်တကယ်အ ကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်းမရှိသည့်နေရာများကို ပြန်လည်သိမ်းဆည်းနိုင်ရေး ကော်မတီအနေဖြင့် စိစစ်၍ ဗဟိုကော်မတီသို့ တင်ပြဆောင်ရွက်လျှက်ရှိကြောင်း ပြောကြား သည်။

ထို့နောက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင်က မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း များစီမံခန့်ခွဲရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍လည်းကောင်း၊  ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ အတွင်းရေးမှူး နေပြည်တော် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူး က မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် လျှောက်ထားသည့်ကိစ္စများနှင့် စပ်လျဉ်း၍ ဆုံးဖြတ်ရန်အချက်များနှင်စပ်လျဉ်း၍လည်းကောင်း  ရှင်းလင်းတင်ပြကြရာ  ကော်မတီဝင်များက  ဖြည့်စွက်ဆွေးနွေးကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ က လိုအပ်သည် များကို ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)