နေပြည်တော် ဇူလိုင် ၂၁
မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေနှင့် မြန်မာခရက်ဒစ်ဗျူရို၏ ဒါရိုက်တာအဖွဲ့ဝင်များ တွေ့ဆုံအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် ဗဟိုဘဏ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ဘဏ်လုပ်ငန်းကြီးကြပ်စစ်ဆေးရေးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းဟန်စိုးနှင့် အရာထမ်းများ၊ မြန်မာခရက်ဒစ်ဗျူရို၏ ဥက္ကဋ္ဌ ဦးဇော်လင်းအောင်၊ ဒါရိုက်တာ အဖွဲ့ဝင်များဖြစ်သော ဦးဇော်မိုးအောင်၊ Mr. William Linn ၊ Ms Lee Sin Jit ၊ Head of Operation ဒေါ်ကျော့ကေခိုင်နှင့် ဒါရိုက်တာအဖွဲ့အတွင်းရေးမှူး ဒေါ်မြတ်နိုးသဇင်နိုင်တို့ တက်ရောက်ကြသည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ဘဏ်များကချေးငွေသတင်းအချက်အလက်အစီရင်ခံခြင်းစနစ်၌ Data အချက်အလက်များနှင့် ဆောင်ရွက်ပြီးစီးမှု၊ ဘဏ်များပါဝင်ဆောင်ရွက်သည့်အခြေအနေ၊ ဗဟိုဘဏ်က ကူညီပံ့ပိုးပေးရ မည့်အခြေအနေများကို ဆွေးနွေးသည်။
ဆက်လက်၍ဘဏ်လုပ်ငန်းကြီးကြပ်စစ်ဆေးရေးဌာန ညွှန်ကြားရေးမှူးချုပ်က ဘဏ်များ၏ Credit Reporting နှင့်စပ်လျဉ်း၍ ဆောင်ရွက်ရန် လိုအပ်သည့်အချက်များ၊ Data Security ပိုင်းကိုလည်းကောင်း၊ မြန်မာခရက်ဒစ်ဗျူရို၏ Head of Operation ဒေါ်ကျော့ကေခိုင်က လက်ရှိဘဏ်များက Data Upload အခြေအနေ၊ Credit Data များ၏ နောက်ဆုံးရရှိထားသည့် အခြေအနေ၊ Credit Report ကို လအလိုက် ဘဏ်များကအသုံးပြုလျက်ရှိသည့် အခြေအနေများနှင့် လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့်အခက်အခဲများကိုလည်းကောင်း ၊ အဖွဲ့ဝင်ဘဏ်များ အပေါ်ကောက်ခံမည့်အဖွဲ့ဝင်ကြေးနှင့် Reporting ရယူသည့်အပေါ်တွင် ကောက်ခံမည့်နှုန်းထားများ ကို ဆွေးနွေးပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ဗဟိုဘဏ် အနေဖြင့် ငွေရေးကြေးရေးကဏ္ဍအတွက် မြန်မာခရက်ဒစ်ဗျူရို၏ လက်တွေ့ထိရောက်စွာ အကောင် အထည်ဖော်နိုင်ရေးအတွက် မြန်မာခရက်ဒစ်ဗျူရိုနှင့်ပူးပေါင်း၍ Public Awareness ပိုမိုရရှိရေး၊ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)