ကျောက်ပန်းတောင်း       ဇူလိုင်       ၂၂

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်ရှိ အမှတ်() အခြေခံပညာ အထက်တန်းကျောင်းမှ ပညာသင်ယူရန်ခက်ခဲမှုရှိသည့် ကျောင်းသား ကျောင်းသူများအား ကျောက်ပန်းတောင်း တပ်နယ်မှူးမှ ကျောင်းဝတ်စုံ၊ စာအုပ်၊ စာရေးကရိယာနှင့် ပညာသင်စရိတ်များ ထောက်ပံ့လှူဒါန်းခြင်းကို ဇူလိုင် ၂၂ ရက် နံနက်ပိုင်းက အဆိုပါကျောင်းရှိ စုဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် ကျောက်ပန်းတောင်း တပ်နယ်မှူး ဗိုလ်မှူးကြီးဟိန်းဆက်က ထောက်ပံ့လှူဒါန်းရခြင်းကို ရှင်းလင်းပြောကြားပြီး ကျောင်းသား ကျောင်းသူ ၁၁ ဦးအတွက် ထောက်ပံ့ငွေကျပ် ၃၃၀၀၀၀ ကို ကျောင်းအုပ်ဆရာမကြီး ဒေါ်သန္တာထွန်းထံ ပေးအပ်သည်။ ဆက်လက်၍ ထောက်ပံ့ရန်လိုအပ်နေသည့် ကျောင်းသား ကျောင်းသူ ၁၁ ဦးအား ကျောင်းဝတ်စုံ၊ ဗလာစာအုပ်၊ ဘောပင်၊ လွယ်အိတ်များကို တစ်ဦးချင်း ပေးအပ်သည်။ ယင်းနောက် ကျောင်းသား ကျောင်းသူများနှင့် ပညာရေးမိသားစုကိုယ်စား မြို့နယ်ပညာရေးမှူး ဒေါ်မော်မော်က ကျေးဇူးတင်စကား ပြန်လည်ပြောကြား၍ တပ်နယ်မှူးအား ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

 

နေအောင်(ပြန်/ဆက်)