သာစည် ဇူလိုင် ၂၃
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ် သစ်တောဦးစီးဌာနမှ ၂၀၂၂ ခုနှစ် တတိယအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို တောင်ပေါ်ဒေသ လမ်းဆောက်လုပ်ရေးကုမ္ပဏီဖြင့် ပူးပေါင်းကာ ဇူလိုင် ၂၃ ရက် နံနက်ပိုင်းက မိတ္ထီလာ-တောင်ကြီး ကားလမ်းဘေး မိုင်တိုင်အမှတ် ၂၄/၇ အနီး၌ ပြုလုပ်ခဲ့သည်။
သစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာများနှင့် ဝန်ထမ်းများ၊ တောင်ပေါ်ဒေသ လမ်းဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူများ၊ ကျွဲတပ်ဆုံကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးနှင့် ဒေသခံပြည်သူများက အရိပ်ရ တမာပင်များအား စိုက်ပျိုးခဲ့ကြောင်း သိရသည်။
တတိယအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်သစ်တောဦးစီးဌာနမှ အရိပ်ရတမာပင် ၁၀၀၀ ကို မိတ္ထီလာ-တောင်ကြီးကားလမ်း လှိုင်းတက်ကျေးရွာနှင့် ယင်းမာပင်ကျေးရွာကြား မိုင်တိုင်အမှတ် ၂၂/၄ နှင့် ၃၅/၀ မိုင် လမ်းဘေးဝဲယာ တစ်လျှောက်တွင် စိုက်ပျိုးခဲ့ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။
(မြို့နယ် ပြန်/ဆက်)