ဗန်းမော်      ဇူလိုင်     ၂၅
    
ကချင်ပြည်နယ် ဗန်းမော်ခရိုင်အတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများအား စွမ်းရည်မြင့်မားလာစေရန်နှင့် သတင်းများရေးသားရာတွင် သတင်းမီဒီယာဥပဒေ၊ နည်းဥပဒေများ သိရှိနားလည်စေရန် ရည်ရွယ်၍ သတင်းရေးသားနည်းသင်တန်းကို ဇူလိုင် ၂၅ ရက် နံနက် ၁၀ နာရီက Zoom Meeting ဖြင့် ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။ 
    
သင်တန်းဖွင့်လှစ်ရာတွင် ဗန်းမော်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထွန်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက် များကို အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေခဲ့သည့် သတင်းရေးသားထုတ်ပြန်ခြင်းသင်တန်း သင်ခန်းစာမှတ်စုစာအုပ်ဖြင့် ဝေါဟာရရှင်းလင်းချက်၊ သတင်းရေးသားရာတွင် လိုက်နာသင့်သည့် အချက်များနှင့် သတင်းမီဒီယာဥပဒေပါ သတင်းမီဒီယာ သမားများလိုက်နာရမည့် တာဝန်နှင့်ကျင့်ဝတ်များကို သင်ကြားပို့ချခဲ့သည်။ 

အဆိုပါသင်တန်းကို ဗန်းမော်ခရိုင်အတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်း(၂၁)ဦး တက်ရောက်ခဲ့ကြကာ သင်တန်းနည်းပြ(၃)ဦးဖြင့် သတင်းအချက်အလက်စုဆောင်း ခြင်း၊ သတင်းရေးသားခြင်း ဆိုင်ရာများကို ဇူလိုင် ၂၅ ရက်နေ့မှ ၂၇ ရက်နေ့အထိ နေ့စဉ်    နံနက် ၁၀ နာရီမှ ၁၂ နာရီအထိ သင်ကြားပေးပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 
 
ဗန်းမော်(ပြန်/ဆက်)