မလေးရှား၌ တစ်ရက်တည်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၂၇၀၀ ကျော်ရှိပြီး သုံးဦးထပ်မံသေဆုံး

ကွာလာလမ်ပူ ဇူလိုင် ၂၅

 

မလေးရှားတွင် ဇူလိုင် ၂၄ ရက် ညသန်းခေါင်အထိ ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွားသူ ၂၇၂၀ ရှိကြောင်း ဖော်ပြမှုနှင့်အတူ နိုင်ငံ အတွင်း ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားသူပေါင်း ၄၆၅၁၆၅၁ ဦး အထိရှိလာပြီဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ဖော်ပြသည်။

 

ပြည်ပပြန်ကူးစက်ဖြစ်ပွားသူ ငါးဦးရှိကြောင်းဖော်ပြမှုနှင့်အတူ ပြည်တွင်းကူးစက်ဖြစ်ပွားသူ ၂၇၁၅ ဦးရှိကြောင်း ဝန်ကြီးဌာန၏ သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

 

ကိုဗစ်-၁၉ ထပ်မံကူးစက် ဖြစ်ပွားမှုကြောင့် သုံးဦးထပ်မံ သေဆုံးမှုနှင့်အတူ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၃၅၉၁၄ ဦး အထိ ရှိလာပြီဖြစ်သည်။

 

ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုမှ ပြန်လည်ကောင်းမွန်လာသူ ၄၀၁၂ ဦးရှိမှုနှင့်အတူ စုစုပေါင်းကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုမှ ပြန်လည် ကောင်းမွန်လာပြီး ဆေးရုံမှဆင်း သူ ၄၅၆၇၄၈၅ ဦး ရှိလာပြီ ဖြစ်သည်။

 

နိုင်ငံအတွင်း လတ်တလော ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားလျက်ရှိသူ ၄၈၂၅၂ ဦးရှိပြီး အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူလျက်ရှိသူ ၅၄ ဦးနှင့် ၎င်းတို့အနက် ၃၂ ဦးမှာ အသက်ရှူအထောက် အကူပြုကိရိယာ လိုအပ်လျက်ရှိသည်။

 

နိုင်ငံအတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေး အနည်းဆုံးတစ်ကြိမ်ထိုးနှံပြီးသူ ၈၅ ဒသမ ၉ ရာခိုင်နှုန်းနှင့် ၈၄ ရာခိုင်နှုန်းမှာ အပြည့်အဝ ကာကွယ်ဆေးထိုးပြီးဖြစ်သည်။ ၄၉ ဒသမ ၅ ရာခိုင်နှုန်း မှာ အပိုဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးပြီဖြစ်သည်။ ၀ ဒသမ ၉ ရာခိုင်နှုန်းမှာ ဒုတိယအကြိမ် အပိုဆောင်း ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံပြီးပြီဖြစ်သည်။

 

ဆင်ဟွာ