ရှင်ဗွေယန် ဇူလှိုင် ၂၇
မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့တိုက်နယ်ဆေးရုံ၌ ဇူလိုင် ၂၇ ရက် နံနက်ပိုင်းက ကချင်ပြည်နယ် အခမဲ့ဆေးကုသရေး Foundation မှ လာရောက် ဆေးကုသပေးလျက်ရှိသည်။
ယခုလို မိုးရာသီတွင် ဖြစ်ပေါ်လျက်ရှိသော တုပ်ကွေး၊ ငှက်ဖျားနှင့် အခြားသော ရောဂါ တစ်မျိုးမျိုးကြောင့် ဖျားနာလာပါက ရှင်ဗွေယန်မြို့ တိုက်နယ်ဆေးရုံသို့ လာရောက်၍ အခမဲ့ ဆေးကုသမှု ခံယူနိုင်ကြောင်း သူနာပြုဆရာမ ဒေါ်အိအိဝင်းက ပြောပြသည်။ အဆိုပါ အခမဲ့ဆေးကုသရေးတွင် ရှင်ဗွေယန်မြို့တိုက်နယ်ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများနှင့် ကချင်ပြည်နယ် အခမဲ့ဆေးကုသရေး Foundation မှ ဆေးဝါးကုသပေးလျက်ရှိပြီး မြို့အထွေထွေ အုပ်ချုပ်ရေးမှူး ဦးလွင်ဦးနှင့် တာဝန်ရှိသူများက ပါဝင်ကူညီပေးလျက်ရှိကြောင်း သိရသည်။
ရှင်ဗွေယန်(ပြန်/ဆက်)