နေပြည်တော် ဇူလိုင် ၂၇
ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်၊ ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းလျက် ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်ရှိ ပညာလင်္ကာရ ဇောတိရှမ်းကျောင်းတိုက်သို့လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်ရှိ ဇောတိ ကာရုံ ကျောင်းတိုက်သို့လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်ရှိ ဝင်းနိမ္မိတာရုံ စာသင်တိုက်သို့ လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်ရှိ မိုးကောင်းကျောင်း တိုက်သို့လည်းကောင်း၊ ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်ရှိ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်သို့ လည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် ဆွမ်းဆန်တော်များကို တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)