မြောင်းမြ ဇူလိုင် ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၌ မီးဘေးသင့်အိမ်ခြေ (၃)လုံးနှင့် လူဦးရေ(၂၁) ဦးတို့အတွက် ထောက်ပံ့ငွေများနှင့် ပစ္စည်းများကို ဇူလိုင် ၂၆ ရက်က အမှတ်(၉)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ထောက်ပံ့ရာတွင် မီးဘေးသင့်အိမ်ခြေ (၃)လုံးနှင့် လူဦးရေ(၂၁)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်း ရန်ပုံငွေ (၄၀၀၀၀၀)၊ ဆန်ရိက္ခာရန်ပုံငွေ (၄၄၁၀၀)၊ စုစုပေါင်းရန်ပုံငွေ (၄၄၄၁၀၀)ကျပ်တိတိနှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး၊ Mask (၄၂)ခုတို့အား လူမှုဝန်ထမ်း ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မြောင်းမြ ခရိုင်ရုံးမှ ဝန်ထမ်းများသွားရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
အလားတူ မြောင်းမြခရိုင်အတွင်းရှိ ဝါးခယ်မမြို့နယ် ဟင်္သာဒုံးကျေးရွာ၊ ကမ်းပြိုကျေးရွာနှင့် အထက်ပေကုန်းကျေးရွာတို့မှ ကမ်းပြိုဘေးကြိုတင်ရွှေ့ပြောင်း အိမ်ထောင်စု(၂၆)စုနှင့် လူဦးရေ (၁၈၆)ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၃၉၀၆၀၀)နှင့် ကြိုတင်ရွှေ့ပြောင်း ထောက်ပံ့ငွေ (၂၆၀၀၀၀၀)၊ စုစုပေါင်း (၂၉၉၀၆၀၀)အား ဘေးသင့်ပြည်သူများလက်ဝယ် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)