ရန်ကုန် ဇူလိုင် ၂၇
ဒဂုံမြိုသစ်မြောက်ပိုင်း မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် Mast Myanmar Technology Co; Ltd မှ အာမခံအလုပ်သမား ဦးရဲလွင်၏ အလုပ်ခွင် ထိခိုက်သေဆုံးမှုအတွက် ကျန်ရစ်သူ မိသားစုများကို အကျိုးခံစားခွင့် ထုတ်ပေးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဒဂုံမြိုသစ်မြောက်ပိုင်း မြို့နယ်လူမှုဖူလုံရေးရုံးတွင် ကျင်းပသည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး လူမှုဖူလုံရေးရုံး တာဝန်ခံအရာရှိ၊ ဒုတိယ ညွှန်ကြား ရေးမှူး ဦးရဲဇော်ဝင်း က ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံ ရေးဥပဒေအကြာင်း ရှင်းလင်းပြောကြားပြီး Mast Myanmar Technology Co; Ltd မှ အာမခံအလုပ်သမား ဦးရဲလွင်၏ အလုပ်ခွင်ထိခိုက် သေဆုံးမှုအတွက် ကျန်ရစ်သူမိသားစုကို နာရေးစရိတ်ကျပ် ၁၅၀၀၀၀၀ နှင့် ကျန်ရစ်သူ အကျိုးခံစားခွင့် ငွေလုံးငွေ ရင်းကျပ် ၁၅၀၀၀၀၀၀၊ စုစုပေါင်းကျပ် ၁၆၅၀၀၀၀၀ ကို ဇနီးဖြစ်သူ ဒေါ်လှိုင်သီတာဆွေထံသို့ ထုတ်ပေးသည်။
အဆိုပါအခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန အောက်ရှိဌာနများမှ တာဝန်ခံ အရာရှိများ၊ အလုပ်ဌာန ကိုယ်စားလှယ်များနှင့် အလုပ်သမားကိုယ်စားလှယ်များ တက်ရောက်ကြကြောင်း သိရသည်။
(သတင်းစဉ်)