ကျောက်မဲ ဇူလိုင် ၂၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ ပတ္တမြားခန်းမတွင် မြို့နယ်အဆင့် ဆို၊က၊ရေး၊တီးပြိုင်ပွဲ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ကျောက်မဲမြို့နယ်အနေဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှု ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲကြီးကို ၂၀၁၇ ခုနှစ်မှစ၍ ကျင်းပနိုင်ခြင်းမရှိခဲ့ရာမှ ယခုအခါဆို၊က၊ရေး၊တီးပြိုင်ပွဲကြီး ပြန်လည်ကျင်းပခြင်းဖြစ်ပါကြောင်း၊ ဇူလိုင်လ ၂၇ရက်နေ့ထိစာရင်းအရ မြို့နယ်အဆင့် ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲသို့ပါဝင်ယှဉ်ပြိုင်ရန် အဆိုပြိုင်ပွဲအတွက် ပြိုင်ပွဲဝင် ၃၂ ဦး၊ အကပြိုင်ပွဲအတွက် ပြိုင်ပွဲဝင် ၂၁ ဦး စာရင်းပေးသွင်းထားကြောင်း တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။
မြို့နယ်အဆင့်ဆို၊က၊ရေး၊တီး ပြိုင်ပွဲကို ကျောက်မဲမြို့၊ အထက(၂) ပတ္တမြားခန်းမတွင် ဩဂုတ်လ နောက်ဆုံးပတ်တွင် ကျင်းပသွားမည်ဖြစ်ပြီး ခရိုင်အဆင့်ပြိုင်ပွဲကို စက်တင်ဘာလ ပထမအပတ်အတွင်း ကျောက်မဲမြို့ ကျက်သရေဆောင်ခန်းမ၌ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)