အောင်လံ ဇူလိုင် ၃၀

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၌ ပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းကာ လူတစ်ဦးလျှင် ဆီ တစ်ပိဿာ ၄၀၀၀ ကျပ်နှုန်းဖြင့် ဇူလိုင် ၃၀ ရက် နံနက်ပိုင်းမှ စတင် ရောင်းချခဲ့သည်။

အဆိုပါ ရောင်ချခြင်းကို ဇူလိုင် ၃၀ ရက်မှ ဩဂုတ် ၄ရက်အထိ ခြောက်ရက်ကြာ ရောင်းချပေးသွားမည်ဖြစ်ပြီး တစ်ရက်လျှင် ဆီပိဿာ ၁၁၀ ဆံ့ ဆီတိုင်ကီ ၁၂ လုံးဖြင့် စုစုပေါင်း ပိဿာ ၁၃၂၀ ကို အောင်လံမြို့နယ် ရပ်ကွက်၊ ကျေးရွာအသီးသီးသို့ ကွင်းဆင်းကာ အုပ်စုများခွဲ၍ စားသုံးသူများ လက်ဝယ်အရောက် လှည့်လည်ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇင်ဇင်မင်းမောင်(ပြန်/ဆက်)