မြောင်းမြ ဇူလိုင် ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ မြစိမ်းရောင်တောင်တော်၊ သီဟရာဇာကုန်း၌ ခရိုင်သစ်တော ဦးစီးဌာနမှ စီစဉ်ဆောင်ရွက်မှုဖြင့် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ဇူလိုင် ၃၀ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းဌေး၊ ဒုတိယ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးထွန်း၊ ခရိုင်သစ်တော ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိန်ဝင်းတို့က ပျိုးပင်များအား တာဝန်ရှိသူများထံ ပေးအပ်ကြသည်။

သစ်ပင်စိုက်ပျိုးပွဲတွင် ကျွန်းပင် ၁၀၀၊ ပျဉ်းကတိုးပင် ၁၀၀၊ မဟော်ဂနီပင် ၁၀၀၊ မန်ဂျန်ရှားပင် ၇၀၀ တို့အား ခရိုင်အုပ်ချုပ်ရေးမှူး၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးနှင့် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ခရိုင်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များက စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

မြောင်းမြ(ပြန်/ဆက်)