ရန်ကုန် သြဂုတ် ၄
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင် သာ ယာရေး ကော်မတီ ဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန်၊ အတွင်း ရေးမှူး၊ ကော်မတီဝင်များ၊ ဌာနမှူးများနှင့်အတူ ယနေ့ နံနက် ၇ နာရီ က ဗိုလ်တထောင်မြို့နယ်၊ သန်လျက်စွန်းရှိ ရေဆိုးသန့်စင်စက်ရုံသို့ သွားရောက်၍ ရန်ကုန်မြို့အတွက် ရေဆိုးသန့်စင်မှုလုပ်ငန်းများ ဆောင်ရွက်နေမှု ကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ မြို့တော်ဝန်နှင့်အဖွဲ့သည် ရေဆိုးသန့်စင်စက်ရုံ ရှင်းလင်းဆောင်၌ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုကို ကဏ္ဍအလိုက် ရှင်းလင်းတင်ပြပြီး မြို့တော်ဝန်က စက်ရုံတွင်း လုပ်ငန်းဆောင်ရွက်နေမှုများနှင့် အသေးစားရေးဆိုး သန့်စင် မှုစနစ် ဆောင်ရွက်ရန် ပြင်ဆင်ထားမှုများကို လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ် သည်များမှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
လက်ရှိ ရန်ကုန်မြို့၏ ရေဆိုးသန့်စင်စနစ်သည် မြို့လူဦးရေ၏ (၅) ရာခိုင်နှုန်းမျှသာ လွှမ်းခြုံနိုင်သဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် ဂျပန် နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)တို့ ပူးပေါင်းရေး ဆွဲထားသည့် မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာ စီမံကိန်းအရ အနာဂတ်တွင် တိုးတက်လာမည့် လူဦးရေနှင့်အညီ ရေဆိုးသန့်စင်မှုဇုန် (၁၄) ခု ခွဲခြားဆောင်ရွက် သွားရန်နှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်ပြင်ပတွင် မြို့သစ်များ ထပ်မံတိုးချဲ့သည့်အခါ ရေဆိုးသန့်စင်မှုစနစ်များ တိုးချဲ့ဆောင်ရွက်သွားရန် စီမံကိန်း ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)