ရန်ကုန် ဩဂုတ် ၅
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသည် နှစ်စဉ်သောက်သုံးရေ ရှားပါမှုနှင့် တွေ့ကြုံနေရသည့် ဒလမြို့နယ်နေ ပြည်သူများ သောက်သုံးရေ ဖူလုံစွာသုံးစွဲနိုင်ရေးအတွက် ရေပိုမိုပို့လွှတ်နိုင်ရေး လုပ်ငန်းများအား စီမံဆောင်ရွက်လျက်ရှိရာ ဒလမြို့နယ်တွင် ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ စီမံကိန်းကို ဒလမြို့နယ်၊ တာကြီးရပ်ကွက်၊ ဒလ-တွံတေးကားလမ်းဘေးရှိ ရန်ကုန်မြို့တော် ရေပေးဝေရေးဇုန်(၁၀)တွင် တည်ဆောက်နေခြင်းဖြစ်ပြီး တည်ဆောက်ရေးလုပ်ငန်း၏ ပထမအဆင့် ဘိုးပိုင်တူးခြင်း အကြိုအင်ဂျင်နီယာလုပ်ငန်းများကို ဩဂုတ် ၄ ရက်က ဆောင်ရွက်ခဲ့သည်။ ရေလှောင်ကန်အား ရေဂါလန် ၁ ဒဿမ ၅ သန်းဆံ့ တည်ဆောက်မည်ဖြစ်ပြီး သိုလှောင်ရေများအား တွန်းပို့နိုင်ရန် ရေတွန်းစက်ရုံပါ တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။
အံ့ကြီးမောင်(ဒလ)