မိုင်းဆတ် ဩဂုတ် ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၊ ဆိုက်ခေါင်ကျေးရွာရှိ အိမ်ထောင်စု ၁၀ စုအတွက် ဒေသကြက်မျိုး အကောင် ၁၀၀ ကို ဩဂုတ် ၅ ရက် နံနက်ပိုင်းက ဘိန်းအစားထိုးအဖြစ် ထောက်ပံ့ပေးအပ်ခဲ့သည်။
ရှေးဦးစွာ ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးမှူး ဒေါက်တာနိုင်ထွန်းဦးက ဒေသခံမိသားစုများ တစ်ဖက် တစ်လမ်းမှ ဝင်ငွေရရှိရေး ရှင်းလင်းပြောကြားပြီး မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးမှူး ဒေါက်တာစောထက်ဝင်းက ဘိန်းအစားထိုး ဒေသကြက်မျိုးပေးအပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် တာဝန်ရှိသူများက တစ်အိမ်ထောင်လျှင် ဒေသကြက်ဖ တစ်ကောင်နှင့် ကြက်မ ကိုးကောင်ကို အိမ်ထောင်စု ၁၀ စု လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မြင့်မောင်(ပြန်/ဆက်)