တိုကျို ဩဂုတ် ၇
ဂျပန်နိုင်ငံ၌ လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၀၆၄၉၅ ဦးစစ်ဆေးတွေ့ရှိခဲ့ရာ ရောဂါကူးစက်ခံရသူပေါင်း ၁၄၀၄၉၉၇၈ ဦးရှိပြီဖြစ် ကြောင်း သိရသည်။
အလားတူ လွန်ခဲ့သော ၂၄ နာရီအတွင်း ၁၆၁ ဦးသေဆုံးခဲ့ရာ အဆိုပါရောဂါကူးစက် မှုကြောင့် သေဆုံးသူပေါင်း ၃၃၅၀၉ ဦး ရှိပြီဖြစ်သည်။
ကိုဗစ်-၁၉ ရောဂါ ထပ်မံကူးစက်ခံရသူများအနက် ၂၆၃၁၃ ဦးအား တိုကျိုမြို့တော် ၌ စစ်ဆေးတွေ့ရှိပြီး သေဆုံးသူ ၁၂ ဦးရှိကြောင်း သိရသည်။ လက်ရှိတွင် မြို့တော် အတွင်း၌ ကိုဗစ်-၁၉ ရောဂါ ပြင်းထန်စွာခံစားနေရပြီး အသက်ရှူအထောက်အကူပြု ကိရိယာတပ်ဆင်ထားရသူအရေအတွက် ၃၆ ဦးရှိကြောင်း သိရသည်။
မြို့တော်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူအရေအတွက်သည် လွန်ခဲ့သော ရက်သတ္တပတ်အတွင်း တွေ့ရှိခဲ့သည့် အရေအတွက်ထက် ၅၂၂၈ ဦးလျော့ကျလာကြောင်း သိရှိရသည်။
ကိုးကား- အင်န်အိတ်ချ်ကေ၊
ဘာသာပြန်- အောင်ကျော်ကျော်


