ဇလွန်    သြဂုတ်     ၈

 

ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ၊ ဇလွန်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ စိုက်ပျိုးစရိတ် ချေးငွေများကို တောင်သူများအား နှစ်စဉ်ထုတ်ချေးပေးလျက်ရှိရာ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် မိုးစပါး စိုက်ပျိုးစရိတ်ချေးငွေများကို မေလ ၂၀ ရက်မှ စတင် ထုတ်ချေးလျက်ရှိရာ ယနေ့အထိ ချေးငွေ ကျပ် စုစုပေါင်း ၃၀၉၂၂၅၀၀၀၀  ထုတ်ချေးပေး နိုင်ခဲ့ကြောင်း ဇလွန်မြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ သိရသည်။

 

ဇလွန်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲအနေဖြင့်  ၂၀၂၂ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေထုတ်ချေးပေးခဲ့ရာတွင် ကျေးရွာအုပ်စု(၅၄) ၊ စိုက်ပျိုးဧက(၂၀၆၁၅)၊ တောင်သူ(၃၀၈၅) ဦးအား ချေးငွေ ကျပ်(၃၀၉၂၂၅၀၀၀၀)  ကို သက်သာသည့် အတိုးနှုန်းဖြင့် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေး ဆောင်ရွက်ပေးခဲ့ပြီး ကျန်ရှိနေသည့် ကျေးရွာအုပ်စုများမှ တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက် ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း  ဘဏ်ခွဲမန်နေဂျာ ဒေါ်မြင့်မြင့်ရီ၏ ပြောကြားချက်အရ သိရသည်။

 

ဝေယံ -  ဇလွန် (ပြန် / ဆက်)