ဇမ္ဗူသီရိ ဩဂုတ် ၁၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ စားသုံးသူရေးရာဦးစီးဌာနမှဦးစီး၍ ယနေ့ မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီအတွင်းရှိ ဝန်ထမ်းများကို စားသုံးဆီများအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ရောင်းချရာတွင် နေပြည်တော်ကောင်စီအတွင်းရှိ ဝန်ထမ်းများကို ဈေးနှုန်းသက်သက် သာသာနှင့် အရည်အသွေးကောင်းစွာ စားသုံးနိုင်ရန်အတွက် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ စားသုံးဆီများအား ဈေးနှုန်းချိုသာစွာဖြင့် စားသုံးသူများ လက်ဝယ်အရောက် ရောင်းချပေးခြင်းဖြစ်ပြီး စားသုံးဆီတစ်ပိဿာလျှင် ၄၇၀၀ ကျပ်နှုန်း၊ တစ်ဦးလျှင် တစ်ပိဿာနှုန်းဖြင့် ဆီပိဿာချိန် (၂၈၀၀) အား ရောင်းချပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)