နယူးဒေလီ ဩဂုတ် ၁၅

 

အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သော ၂၄ နာရီ အတွင်း ကိုဗစ်-၁၉ ရောဂါ ထပ်မံကူးစက်ခံရသူ ၁၄၉၁၇ ဦး စစ်ဆေး တွေ့ရှိသည့်အတွက် နိုင်ငံတစ်ဝန်း အဆိုပါ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၄၄၂၆၈၃၈၁ ဦးအထိ ရှိလာပြီဖြစ်ကြောင်း ဩဂုတ် ၁၅ ရက်တွင် ကျန်းမာရေးဝန်ကြီး ဌာန၏ ထုတ်ပြန်သော အချက်အလက်အရ သိရသည်။

 

ထို့အပြင် အဆိုပါ ထပ်မံကူးစက် ခံရသူများကြောင့် အိန္ဒိယနိုင်ငံတွင် ပိုးတွေ့ဆဲ လူနာအရေအတွက ၁၁၇၅၀၈ ဦး ရှိကြောင်းနှင့် အဆိုပါရောဂါကြောင့် ထပ်မံသေဆုံးသူ ၃၂ ဦးရှိသောကြောင့် စုစုပေါင်းသေဆုံးသူအရေအတွက် ၅၂၇၀၆၉ ဦးအထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။

 

အိန္ဒိယနိုင်ငံ၌ လက်ရှိအချိန်အထိ ထပ်မံကျန်းမာရေးကောင်းမွန်လာသူ ၁၄၂၃၈ ဦးအပါအဝင် လူနာ စုစုပေါင်း ၄၃၆၂၃၈၀၄ ဦး ရောဂါကင်းစင်၍ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြီ ဖြစ်ကြောင်း သိရသည်။

 

ဆင်ဟွာ