ညောင်ဦး သြဂုတ် ၁၆

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရန်၊ တစ်နိုင်တစ်ပိုင် မိသားစုဝင်ငွေ ရရှိစေရန်နှင့် အတတ်ပညာ၊ အသိပညာများ တိုးတက်စေရန်ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆိုင်ကယ်ပြုပြင်နည်း သင်တန်းပို့ချခြင်းကို သြဂုတ် ၁၆ ရက်နံနက် ၁၀ နာရီက အဆိုပါဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါသင်တန်းသို့ ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာများမှ သင်တန်းသားစုစုပေါင်း ၁၅ ဦး တက်ရောက်ကြပြီး သင်တန်းတွင် ဆိုင်ကယ်ပြုပြင်နည်း သင်ခန်းစာများကို သင်တန်းနည်းပြ ဆရာများက စာတွေ့၊ လက်တွေ့ဖြင့် သြဂုတ် ၁၅ ရက်မှ စက်တင်ဘာ ၉ ရက်ထိ သင်တန်းကာလ ၂၅ ရက်ကြာ အခမဲ့သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

 

မင်းမြင့်မိုရ်(ကျေးလက်)