ဩဂုတ် ၁၆

 

ဘိုလီးဗီးယားနိုင်ငံအရှေ့ပိုင်း ဆန်တာခရုဇ်မြို့တွင် မျောက်ကျောက်ရောဂါ ကူးစက်ခံရသူပေါင်း ၁၅ ဦးရှိလာကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဂျေစန်ဩဇာက ယနေ့တွင် အတည်ပြုပြောကြားသည်။

 

အဆိုပါရောဂါကူးစက်ခံရသူများသည် အသက် ၂၂ နှင့် ၄၃ နှစ်ကြားအရွယ် အမျိုးသားများဖြစ်ပြီး ၎င်းတို့အားလုံး အခြေအနေကောင်းမွန်ကြောင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုအောက်တွင်ရှိကြောင်း ဩဇာက သတင်းစာရှင်းလင်းပွဲ တစ်ခုတွင် ပြောကြားသည်။

 

ထိုရောဂါကူးစက်ခံရသူများနှင့်တိုက်ရိုက်ထိတွေ့မှုရှိသူ ၃၀ ကိုဂရုစိုက်စောင့်ကြည့်နေသည်ဟု ၎င်းကထပ်လောင်း ပြောသည်။

 

ဆန်တာခရုဇ်မြို့တွင် ရောဂါကူးစက်ခံရသူ ၁၁ ဦးရှိသည့်အနက် သုံးဦးသည် ဘရာဇီးနိုင်ငံ၊ တစ်ဦးသည် ချီလီနိုင်ငံတို့တွင် ကူးစက်ခံခဲ့ရခြင်းဖြစ်သည်။

 

ဘိုလီးဗီးယားနိုင်ငံတွင် မျောက်ကျောက်ရောဂါကူးစက်မှုများ တဖြည်းဖြည်း မြင့်မားလာသဖြင့် ရောဂါကူးစက်မှု ပိုမိုများပြားလာခြင်းမှကာကွယ်ရန် နိုင်ငံ၏ရောဂါကူးစက်မှုစောင့်ကြည့်ရေးဆိုင်ရာပြင်ဆင်ချက်များကို ၎င်းက ထုတ်ပြန် ကြေညာခဲ့သည်။

 

နိုင်ငံတစ်ဝန်းတွင် အသက် ၃၈ နှစ်အရွယ်အမျိုးသားတစ်ဦး မျောက်ကျောက်ရောဂါကူးစက်မှုကို ဩဂုတ်လ ၁ ရက်က  ပထမဆုံး တွေ့ရှိခဲ့ခြင်းဖြစ်သည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို