ကာလိ ဩဂုတ် ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့ရှိ စက်သုံးဆီ အရောင်းဆိုင်တွင် ဆီများပြတ်လပ်မှု မရှိစေရေးအတွက် ကာလိမြို့ ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းပြီး ဩဂုတ် ၁၆ ရက် နံနက်ပိုင်းမှ စတင်၍ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါဆောင်ရွက်မှုတွင် ကာလိမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဆန်းမြင့်သန်း၊ ကာလိနယ်မြေစခန်းမှ စခန်းမှူး ရဲအုပ်လှဟန်၊ စည်ပင်သာယာရေးဌာနမှ ဦးစီးမှူး ဦးခင်ဇော်ဦး၊ မီးသတ်ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ၊ သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးများက စက်သုံးဆီ ရောင်းဝယ်နေမှုအခြေအနေများ စစ်ဆေးခြင်း၊ လက်ကျန်အခြေအနေ တို့ကို ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဆီများ ပုံမှန်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ကာလိ(ပြန်/ဆက်)